back

ရှမ်းပြည်နယ် တာချီလိတ်မြို့၌ မိုးခေတ္တ ရွာရုံဖြင့် လမ်းမကြီးများပေါ် ရေကြီးရေလျှံနေ

Aug 20 • 2:27 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ် တာချီလိတ်မြို့၌ မိုးခေတ္တ ရွာရုံဖြင့် လမ်းမကြီးများပေါ် ရေကြီးရေလျှံနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ပေါ်၌ ဩဂုတ် ၁၉ ရက် ညနေပိုင်းတွင် မိုးခေတ္တမျှ သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တာလော့နှင့် ပုန်းထွန်ရပ်ကွက်များအတွင်းရ...

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ပေါ်၌ ဩဂုတ် ၁၉ ရက် ညနေပိုင်းတွင် မိုးခေတ္တမျှ သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တာလော့နှင့် ပုန်းထွန်ရပ်ကွက်များအတွင်းရှိ လမ်းမကြီးများပေါ်သို့ ရေများ လျှံတက်လာကာ သွားလာရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။မယ်ဆိုင်ချောင်း မြစ်ဖျားခံရာ မိုင်းဆတ်မြို့နယ်၊ လွိုင်ဆမ်ဆုံတောင်ကြောဘက်နှင့် မိုင်းတုံမြို့နယ်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့သဖြင့် မဲခေါင်မြစ်နှင့် မယ်ဆိုင်ချောင်းရေမြင့်တက်မှုကို သတိပြုရန် ဒေသခံများက ပြောဆိုထားကြသည်။ ထို့အပြင် ရေကြီးပြီးတိုင်း တင်ကျန်ခဲ့သည့် ရွှံ့နုန်းများကို မနားတမ်း ရှင်းလင်းနေရသဖြင့် ဒေသခံများ အခက်အခဲတွေ့နေရသည်။ နမ့်ယွန်းချောင်း ရေစီးရေလာ ကောင်းမွန်စေရန်အတွက်လည်း ပူးပေါင်းအဖွဲ့များက အမှိုက်နှင့် နုန်းများ ဆယ်ယူ ရှင်းလင်းလျက်ရှိသည်။မိုးလေဝသ ပညာရှင်Zack Shafi ကလည်း ဩဂုတ် ၁၉ ရက်မှ ၂၃ ရက်အတွင်း တောင်ပြို၊ မြေပြိုခြင်းများနှင့် ကားလမ်း ရေကျော်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေး ခန့်မှန်းထားသည်။

news-view-count-icon

21