မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) တွင် မနေ့ နံနက်ပိုင်းက ကျောက်စိမ်း ရောင်းဝယ်သူတစ်ဦးအား ဓားထောက်၍ ကျပ်သိန်း ၅၀၀ ခန့်တန်ဖိုးရှိ ကျောက်စိမ်း ရတနာများ လုယက်ခံရမှု ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ အသက် ၄၅ နှစ်အရွယ် ကျောက်စိမ်း ရောင်းဝယ်သူ ဦး... ထံသို့ အမည်မသိ အမျိုးသား နှစ်ဦး ရောက်ရှိလာပြီး ဓားထောက်၍ ကျောက်ဝိုင်းအပြင်ဘက်သို့ ခေါ်ဆောင်ခဲ့တာဖြစ်ကြောင်းသိရသည်။ ထို့နောက် ၎င်းထံမှ ကျောက်စိမ်း အချောထည်များ၊ ဆွဲကြိုးများ၊ လက်စွပ်များနှင့် နားကပ် အပါအဝင် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၅၀၀ ခန့်ရှိ ကျောက်စိမ်း လက်ဝတ်ရတနာများနှင့် ငွေကျပ် ၁၂၀,၀၀၀ ပါ လွယ်အိတ်ကို လုယူကာ မီနီအိုးဝေ ငှားရမ်း၍ ထွက်ပြေးသွားခဲ့သည်။အဆိုပါ လုယက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ လုယက်ခံရသူက ကျောက်ဝိုင်း ရဲကင်းသို့ အကြောင်းကြားထားပြီး အမှတ် (၇) နယ်မြေ ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
မန္တလေး ကျောက်ဝိုင်း၌ ကျောက်သမားတစ်ဦးအား ဓားထောက်၍ ကျပ်သိန်း ၅၀၀ ခန့်တန်ဖိုးရှိ ကျောက်စိမ်းများ လုယက်ခံရ
Aug 20 • 2:55 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 30 | 0 | 0 | 0 |


