back

လာအိုပြည်နယ် ၄ ခုတွင် ရှားပါးမြေဒြပ်စင် စူးစမ်းရှာဖွေမည့် ဧရိယာသစ် ၂ ခုအား လာအိုအစိုးရ သတ်မှတ်ဖော်ထုတ်

Aug 20 • 2:26 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုပြည်နယ် ၄ ခုတွင် ရှားပါးမြေဒြပ်စင် စူးစမ်းရှာဖွေမည့် ဧရိယာသစ် ၂ ခုအား လာအိုအစိုးရ သတ်မှတ်ဖော်ထုတ်

လာအိုနိုင်ငံ စွမ်းအင်နှင့် သတ္တုဝန်ကြီးဌာနသည် နိုင်ငံ၏ သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး မြှင့်တင်ရေးအတွက် ပြည်နယ် ၄ ခုကို လွှမ်းခြုံထားသည့် ရှားပါး...

လာအိုနိုင်ငံ စွမ်းအင်နှင့် သတ္တုဝန်ကြီးဌာနသည် နိုင်ငံ၏ သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး မြှင့်တင်ရေးအတွက် ပြည်နယ် ၄ ခုကို လွှမ်းခြုံထားသည့် ရှားပါးမြေဒြပ်စင် (Rare Earth) သတ္တု စူးစမ်းရှာဖွေရေး ဧရိယာသစ် ၂ ခုအား သတ်မှတ်ဖော်ထုတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဧရိယာသစ်များတွင် မြောက်ပိုင်းရှိ ဟူအာဖန် (Houaphanh) နှင့် ရှန်းခွမ် (Xieng Khouang) ပြည်နယ်များပါဝင်သော ပထမဧရိယာနှင့် အလယ်ပိုင်းဒေသရှိ ခမ်မိုအန်း (Khammouane) နှင့် ဘိုလီခမ်ဆိုင်း (Bolikhamxay) ပြည်နယ်များပါဝင်သော ဒုတိယဧရိယာတို့ ဖြစ်ကြသည်။ လာအိုအစိုးရသည် ယခင်က တရားမဝင် သတ္တုတူးဖော်မှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို ထိန်းချုပ်ရန် သတ္တုကဏ္ဍ စိစစ်ရေး မူဝါဒများကို တင်းကြပ်ခဲ့သော်လည်း ယခုအခါ နည်းပညာမြင့် ထုတ်ကုန်များအတွက် မရှိမဖြစ် လိုအပ်သော ဒြပ်စင်များကို စနစ်တကျ တူးဖော်ထုတ်လုပ်နိုင်ရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်နိုင်ရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စည်းမျဉ်းများနှင့်အညီ ခွင့်ပြုဆောင်ရွက်သွားမည် ဖြစ်သည်။

news-view-count-icon

10