back

မြန်မာ ယူ-၁၂ လူငယ်အသင်း ဂျပန်နိုင်ငံ၌ ကျင်းပမည့် ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည်ဖြစ်

Aug 20 • 1:55 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ ယူ-၁၂ လူငယ်အသင်း ဂျပန်နိုင်ငံ၌ ကျင်းပမည့် ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည်ဖြစ်

ဂျပန်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် U-12 Junior Soccer World Challenge ပြိုင်ပွဲသို့ မြန်မာ ယူ-၁၂ လူငယ်အသင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။မြန်မာ ယ...

ဂျပန်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် U-12 Junior Soccer World Challenge ပြိုင်ပွဲသို့ မြန်မာ ယူ-၁၂ လူငယ်အသင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။မြန်မာ ယူ-၁၂ လူငယ်အသင်းကို ကစားသမား ၂၃ ဦးဖြင့် အပြီးသတ် ဖွဲ့စည်းထားပြီး ဇူလိုင် ၂၅ ရက်မှစတင်၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ အဆိုပါ ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ဖူကူဒါမြို့တွင် ဩဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ အသင်းပေါင်း ၄၀ ဖြင့် ကျင်းပမည်ဖြစ်သည်။မြန်မာအသင်းသည် အုပ်စု (I) ၌ ဂျပန်လူငယ် အကယ်ဒမီအသင်းများဖြစ်သည့် လီဘာတာ ဖူကူအိုကာ၊ အူရာဝါ ရက်ဒိုင်းမွန်း၊ ရှိုနန် ဘယ်မားရီ တို့နှင့် အတူ ကျရောက်နေပြီး ဩဂုတ် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) က နှစ်စဉ် ကျင်းပသည့် အဆိုပါ ပြိုင်ပွဲသို့ မြန်မာ ယူ-၁၂ အသင်းအနေဖြင့် ၂၀၂၃ ခုနှစ်မှစ၍ နှစ်စဉ် ပါဝင်ယှဉ်ပြိုင်လျက် ရှိသည်။

news-view-count-icon

41