ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် အလည်အပတ် ပတ်စပို့ (PV) ကိုင်ဆောင်ထားသူများ သက်တမ်းတိုးခြင်းနှင့် စာအုပ်အသစ် လဲလှယ်ခြင်းများ ပြုလုပ်ပါက နေပြည်တော်သို့ အချက်အလက် စိစစ်ရန် ဖောင်ဖြည့် တင်ခိုင်းထားပြီး လုပ်ငန်းစဉ်များကို ဆိုင်းငံ့ထားကြောင်း သိရသည်။လက်ရှိတွင် Non-LA (အလုပ်လုပ်ခွင့် ဗီဇာ) နှင့် Non-O (မှီခိုဗီဇာ) ကိုင်ဆောင်ထားသူများ အပါအဝင် PV မှ PJ၊ PT၊ PE စသည့် စာအုပ် အမျိုးအစား ပြောင်းလဲ လျှောက်ထားသူများသည် ဖောင်ဖြည့်စွက်၍ နေပြည်တော်မှ အကြောင်းကြားစာ ရရှိမှသာ ဆက်လက် ဆောင်ရွက်ပေးသည့် စနစ်သို့ ပြောင်းလဲထားသည်။အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဘန်ကောက် မြန်မာသံရုံးဘက်မှ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း စည်းကမ်းချက်များ ရုတ်တရက် တင်းကြပ်လိုက်ခြင်းကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်လျက် ရှိသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၌ (PV) ပတ်စပို့ များ သက်တမ်းတိုးခြင်းနှင့် စာအုပ်အသစ် လဲလှယ်ခြင်းများ ဆိုင်းငံ့ထား
Aug 20 • 1:54 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


