ထိုင်းနိုင်ငံ၏ စီးပွားရေး တိုးတက်မှုသည် ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ်တွင် ၁ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိခဲ့သဖြင့် အာဆီယံ ၆ နိုင်ငံအနက် စီးပွားရေး တိုးတက်မှု အနှေးကွေးဆုံး ဖြစ်နေကြောင်း ထိုင်းအမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) က ထုတ်ပြန်ထားသည်။၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ဒုတိယသုံးလပတ်တွင် တိုးတက်မှုနှုန်း ပြန်လည် လျော့ကျသွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သုံးလပတ်အတွင်း ဒေသတွင်း အာဆီယံနိုင်ငံများ၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ဗီယက်နမ်နိုင်ငံ၌ ၈ ဒသမ ၄ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံ၌ ၆ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံ၌ ၅ ဒသမ ၉ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံ၌ ၅ ဒသမ ၂၉ ရာခိုင်နှုန်းနှင့် ဖိလစ်ပိုင်နိုင်ငံ၌ ၂ ဒသမ ၃ ရာခိုင်နှုန်း အသီးသီး ရှိခဲ့ကြသည်။ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင်လည်း စီးပွားရေး တိုးတက်မှု ၂ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့သဖြင့် ဒေသတွင်း၌ အနိမ့်ဆုံး ဖြစ်ခဲ့ဖူးကာ ယခုနှစ်တွင်လည်း စီးပွားရေး ပြန်လည် ဦးမော့လာရန် ရုန်းကန်နေရဆဲ ဖြစ်သည်။
Aug 20 • 1:52 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


