back

အမျိုးသားစာပေတစ်သက်တာဆုရ စာရေးဆရာကြီး မောင်ဆွေသက် ကွယ်လွန်သွားခဲ့

Aug 20 • 1:51 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အမျိုးသားစာပေတစ်သက်တာဆုရ စာရေးဆရာကြီး မောင်ဆွေသက် ကွယ်လွန်သွားခဲ့

အမျိုးသားစာပေတစ်သက်တာဆုရ စာရေးဆရာကြီး မောင်ဆွေသက် (အမည်ရင်း ဦးညွန့်ဆွေ) သည် ယမန်နေ့ ညနေပိုင်းက ရန်ကုန်၌ ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။ ဆရာကြီး ကွယ်လွန်ချိန် အသက်...

အမျိုးသားစာပေတစ်သက်တာဆုရ စာရေးဆရာကြီး မောင်ဆွေသက် (အမည်ရင်း ဦးညွန့်ဆွေ) သည် ယမန်နေ့ ညနေပိုင်းက ရန်ကုန်၌ ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။ ဆရာကြီး ကွယ်လွန်ချိန် အသက် ၉၁ နှစ်အရွယ်ရှိပြီဖြစ်ပါသည်။စာရေးဆရာကြီး မောင်ဆွေသက်ကို စစ်ကိုင်းတိုင်းဒေသကြီး၌ ၁၉၃၅ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ထိုင်းနှင့် စင်ကာပူနိုင်ငံတို့၌ သံအမတ်ကြီးအဖြစ်လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဆင့်အထိ လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။၁၉၅၄ ခုနှစ်မှစ၍ စစ်ရေးမှတ်တမ်းများ၊ သုတ၊ ရသ၊ လုံးချင်းဝတ္ထုများနှင့် ဆောင်းပါးများ ဆက်တိုက် ရေးသားခဲ့ပြီး မြန်မာနိုင်ငံ စာကြည့်တိုက် ဖောင်ဒေးရှင်း ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဆရာကြီးသည် ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန် (ပထမအဆင့်)၊ လူမှုထူးချွန် (ပထမအဆင့်)၊ ပခုက္ကူ ဦးအုံးဖေ တစ်သက်တာ စာပေဆုနှင့် ၂၀၂၃ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆုတို့ ချီးမြှင့်ခြင်း ခံခဲ့ရသည်။

news-view-count-icon

43