တရုတ်နိုင်ငံ၌ ကျွမ်းထိုးနိုင်သည့် စက်ရုပ်များ လူကြိုက်များ ရေပန်းစားနေသကဲ့သို့ စက်ရုပ်ထုတ်လုပ်သော တရုတ် Unitree ကုမ္ပဏီ၏ စတော့ရှယ်ယာများသည် ရှန်ဟိုင်း စတော့ဈေးကွက် စတင်မိတ်ဆက်ပွဲတွင် ၅၄၂ ရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း သတင်းရရှိသည်။ကျွမ်းထိုးနိုင်ခြင်းနှင့် ကကွက်ဆန်းများ ပြုလုပ်နိုင်ခြင်းတို့ကြောင့် ကမ္ဘာ့အာရုံစိုက်မှုကို ရရှိထားသည့် အဆိုပါ ကုမ္ပဏီသည် စတော့ရှယ်ယာ မတည်ရောင်းချမှု (IPO) မှ တရုတ်ယွမ် ၆ ဒသမ ၁ ဘီလီယံခန့် ရရှိခဲ့ပြီး ရှယ်ယာတစ်စုလျှင် ယွမ် ၁,၁၀၀ အထိ မြင့်တက်ခဲ့သည်။ အဆိုပါ IPO တွင် တရုတ် AI ကုမ္ပဏီတစ်ခုဖြစ်သည့် DeepSeek က ယွမ် ၁၄၀ ဒသမ ၈ သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး နည်းပညာကုမ္ပဏီကြီး Tencent လည်း ပါဝင်လျက် ရှိသည်။Unitree က မိတ်ဆက်ထားသည့် စက်ရုပ်များတွင် ခြေနှစ်ချောင်းပါ လူတူစက်ရုပ်များနှင့် ခြေလေးချောင်းပါ စက်ရုပ်များ ပါဝင်ပြီး "Superman" အမည်ရှိ လူတူစက်ရုပ်အသစ်သည် မတ်တပ်ရပ် အနေအထားမှ ၂ မီတာအထိ ခုန်နိုင်ကာ တစ်စက္ကန့်လျှင် ၁၂ ဒသမ ၆၆ မီတာနှုန်းဖြင့် ပြေးနိုင်ကြောင်း သိရသည်။
Aug 20 • 1:48 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


