တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဩဂုတ် ၁၈ ရက် ညနေပိုင်းက ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် အီကွေဒေါနိုင်ငံ သမ္မတ နိုဘိုအာနှင့် တွေ့ဆုံခဲ့သည်။တွေ့ဆုံစဉ် သမ္မတ ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-အီကွေဒေါ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ၁၀ နှစ်ပြည့်သည့် နှစ်ဖြစ်ပြီး အီကွေဒေါ၏ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ထောက်ခံကြောင်း၊ နှစ်နိုင်ငံ အစိုးရနှင့် အဖွဲ့အစည်းများအကြား ကူးလူးဆက်ဆံမှုနှင့် အတွေ့အကြုံ ဖလှယ်မှုများ မြှင့်တင်ကာ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။အီကွေဒေါသမ္မတ နိုဘိုအာကလည်း တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ထိုင်ဝမ်အရေး ရပ်တည်ချက်ကို ထောက်ခံကြောင်း၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ သိပ္ပံနည်းပညာ စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် တရုတ်ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။
Aug 20 • 1:47 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


