ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ ကမာကဆစ်ဈေးမှ အသားငါး ရောင်းချသည့် ရုံများနှင့် ပျံကျဈေးဆိုင်များကို အဆင့်မြင့် ဈေးရုံများအဖြစ် ပြောင်းလဲ တည်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စိစစ် ဆောင်ရွက်လျက် ရှိသည်။မြို့တော်ဝန် အပါအဝင် စည်ပင် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ဒလမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို သွားရောက် ကြည့်ရှုခဲ့ပြီး ကမာကဆစ်ဈေး အဆင့်မြှင့်တင်ရေး အပြင် ရာဇသင်္ကြန်လမ်းရှိ အလယ်ကျောင်း ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပြုပြင်ပြီးစီးမှုကိုလည်း စစ်ဆေးခဲ့ကြသည်။ဈေး အဆင့်မြှင့်တင်ရာတွင် လေဝင်လေထွက်နှင့် အလင်းရောင် စနစ်တကျ ရရှိရေး ဒီဇိုင်းရေးဆွဲရန်နှင့် ဈေးကော်မတီ သီးသန့်ဖွဲ့စည်း ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။
Aug 20 • 1:46 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 44 | 0 | 0 | 0 |


