အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လာမည့် ဆောင်းဦးရာသီ အာရှခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် လူချင်းတွေ့ဆုံဆွေးနွေးနိုင်ရေး စီစဉ်ပေးရန် ၎င်း၏အကူများကို တောင်းဆိုထားကြောင်း Wall Street Journal (WSJ) က ဖော်ပြခဲ့သည်။ နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံ ရှန်ကျန်း၌ ကျင်းပမည့် APEC ထိပ်သီးအစည်းအဝေး တက်ရောက်စဉ် တွေ့ဆုံရန် မျှော်လင့်ထားခြင်းဖြစ်သော်လည်း လက်ရှိတွင် တရားဝင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်း မရှိသေးပေ။ ထရမ့်က ဤတွေ့ဆုံမှုကို နျူကလီးယားဆွေးနွေးပွဲများ ပြန်စရန် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ထားသော်လည်း ကျွမ်းကျင်သူအချို့က ထူးခြားသည့် တိုးတက်မှုရရန် မလွယ်ကူကြောင်း သုံးသပ်ထားကြသည်။ ထရမ့်သည် ပထမသက်တမ်းအတွင်း ကင်ဂျုံအွန်နှင့် သုံးကြိမ်တွေ့ဆုံခဲ့ဖူးပြီး၊ ၂၀၂၅ ခုနှစ် အာရှခရီးစဉ်အတွင်း၌လည်း တွေ့ဆုံရန် ကြိုးပမ်းခဲ့သော်လည်း စီမံခန့်ခွဲရေး အခက်အခဲများကြောင့် မတွေ့ဆုံနိုင်ခဲ့ကြောင်း သိရသည်။
| 27 | 0 | 0 | 0 |


