back

ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ်၌ ဆောက်လုပ်ခွင့်နှင့် BCC မရရှိဘဲ လူနေထိုင်နေသည့် အဆောက်အအုံများကို စည်ပင်က ပိတ်သိမ်းသတိပေး

Aug 19 • 1:28 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ်၌ ဆောက်လုပ်ခွင့်နှင့် BCC မရရှိဘဲ လူနေထိုင်နေသည့် အဆောက်အအုံများကို စည်ပင်က ပိတ်သိမ်းသတိပေး

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ ရပ်ကွက်အချို့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဆောက်လုပ်ခွင့်နှင့် လူနေထိုင်ခွင့် (BCC) မရရှိသေးဘဲ ဆောက်လု...

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ ရပ်ကွက်အချို့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဆောက်လုပ်ခွင့်နှင့် လူနေထိုင်ခွင့် (BCC) မရရှိသေးဘဲ ဆောက်လုပ်ထားသော အဆောက်အအုံ ၃၂ လုံး၌ ဝင်ရောက်နေထိုင်ခြင်းနှင့် လုပ်ငန်းလုပ်ကိုင်ခြင်းများမပြုရန် စည်ပင်က ပိတ်သိမ်းသတိပေးစာများ လာရောက်ကပ်ထားကြောင်း သိရသည်။ ယင်းသတိပေးချက်ကို မလိုက်နာပါက တည်ဆဲဥပဒေနှင့်အညီ ငွေဒဏ်၊ ထောင်ဒဏ်များဖြင့် အရေးယူခံရမည်ဖြစ်ပြီး BCC မရှိပါက ရေနှင့် လျှပ်စစ်မီး ရရှိမည်မဟုတ်သောကြောင့် ပြည်သူများအနေဖြင့် အဆိုပါတိုက်ခန်းများကို ဝယ်ယူခြင်းမပြုကြရန်နှင့် သတိပေးဆိုင်းဘုတ်များကို ဖြုတ်သိမ်းဖျက်ဆီးပါကလည်း ထပ်မံအရေးယူခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။

news-view-count-icon

53