back

အထူးကုဆရာဝန်များပါဝင်သည့် ရွေ့လျားဆေးကုသယာဉ်ဖြင့် အာမခံအလုပ်သမား ၁,၆၈၈ ဦးကို စက်ရုံအရောက် ကျန်းမာရေးစောင့်ရှောက်မှုပေး

Aug 19 • 1:25 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အထူးကုဆရာဝန်များပါဝင်သည့် ရွေ့လျားဆေးကုသယာဉ်ဖြင့် အာမခံအလုပ်သမား ၁,၆၈၈ ဦးကို စက်ရုံအရောက် ကျန်းမာရေးစောင့်ရှောက်မှုပေး

လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများ လုပ်ငန်းခွင်မပျက် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန်အတွက် အထူးကုဆရာဝန်များ ပါဝင်သည့် ရွေ့လျားဆေးကုသရေးအဖွဲ့သည် ဩဂုတ်လ...

လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများ လုပ်ငန်းခွင်မပျက် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန်အတွက် အထူးကုဆရာဝန်များ ပါဝင်သည့် ရွေ့လျားဆေးကုသရေးအဖွဲ့သည် ဩဂုတ်လ ၁၈ ရက်နေ့က G & F (Myanmar) Garment Co., Ltd. (CMP) အထည်ချုပ်စက်ရုံရှိ အာမခံအလုပ်သမား ၁,၆၈၈ ဦးအား ဓာတ်ခွဲစမ်းသပ်မှုများ၊ ECG နှလုံးစစ်ဆေးခြင်းနှင့် မျက်စိစစ်ဆေးခြင်း အပါအဝင် စက်ရုံအရောက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်း ဆေးကုသပေးမှုကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး က ကြည့်ရှုအားပေးခဲ့ပြီး၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ဆေးရုံ၊ ဆေးခန်းများနှင့် အလှမ်းဝေးသည့် စက်ရုံများအတွက် ရွေ့လျားဆေးကုသယာဉ် ၄ စီးဖြင့် ကွင်းဆင်းကုသပေးလျက်ရှိရာ ၂၀၂၆ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ အာမခံအလုပ်သမား ၅၈,၂၈၅ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ပြီးဖြစ်သည်။

news-view-count-icon

29