back

၂၀၂၇ ဟာဘင်ရေခဲပွဲတော်တွင် ရွှေတိဂုံဘုရားပုံတူ ခင်းကျင်းပြသနိုင်ရေး မြန်မာ-တရုတ် ဆွေးနွေး

Aug 19 • 1:24 PM

breaking-news

မြန်မာ

ပြည်ပ

cover

၂၀၂၇ ဟာဘင်ရေခဲပွဲတော်တွင် ရွှေတိဂုံဘုရားပုံတူ ခင်းကျင်းပြသနိုင်ရေး မြန်မာ-တရုတ် ဆွေးနွေး

၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် တရုတ်နိုင်ငံ၏ ထင်ရှားသော ဟာဘင်ရေခဲပွဲတော်၌ မြန်မာနိုင်ငံ၏ အထင်ကရ ရွှေတိဂုံဘုရားပုံတူ ဖန်တီးခင်းကျင်းပြသနိုင်ရေးအတွက် ဟိုတယ်...

၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် တရုတ်နိုင်ငံ၏ ထင်ရှားသော ဟာဘင်ရေခဲပွဲတော်၌ မြန်မာနိုင်ငံ၏ အထင်ကရ ရွှေတိဂုံဘုရားပုံတူ ဖန်တီးခင်းကျင်းပြသနိုင်ရေးအတွက် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ဩဂုတ် ၁၈ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံမှုတွင် ရေခဲပွဲတော်ကိစ္စအပြင် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ Forum နှင့် Roadshow များ ကျင်းပရေး၊ လူ့စွမ်းအားအရင်းအမြစ် သင်တန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာ့ဟိုတယ်/ခရီးသွားကဏ္ဍတွင် တရုတ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး အခြေအနေများကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

28