ထိုင်းနိုင်ငံ၊ နခွန်ရတ်ချာစီမာခရိုင်၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလက ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရသူ မြန်မာနိုင်ငံသားအတွက် ရသင့်ရထိုက်သည့် ပုဂ္ဂလိက အာမခံကြေးငွေ ဘတ် (၁) သန်းကို မြန်မာအလုပ်သမားသံအရာရှိရုံး၏ ကူညီဆောင်ရွက်ပေးမှုဖြင့် ထုတ်ယူနိုင်ခဲ့သည်။ အဆိုပါ ရရှိလာသည့် အာမခံကြေးငွေများအား ဩဂုတ်လ ၁၇ ရက် မွန်းလွဲပိုင်းတွင် မြန်မာအလုပ်သမား သံအရာရှိရုံး၌ သေဆုံးသူ၏ ဖခင်ဖြစ်သူထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား ပုဂ္ဂလိကအာမခံကြေး ဘတ် ၁ သန်းရရှိ
Aug 19 • 1:23 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


