back

အိန္ဒိယနိုင်ငံ၊ကိုလ်ကတ္တားမြို့ ဟိုတယ်မီးလောင်မှုကြောင့် လူ ၉ ဦးထက်မနည်း သေဆုံး

Aug 19 • 1:22 PM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယနိုင်ငံ၊ကိုလ်ကတ္တားမြို့ ဟိုတယ်မီးလောင်မှုကြောင့် လူ ၉ ဦးထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့လယ်ရှိ ဟိုတယ်တစ်ခုတွင် ဩဂုတ်လ ၁၉ ရက် နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြော...

အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့လယ်ရှိ ဟိုတယ်တစ်ခုတွင် ဩဂုတ်လ ၁၉ ရက် နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါ မီးလောင်မှုအတွင်း လူ ၃၀ ခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ အနည်းဆုံး ၆ ဦးမှာ ဆေးရုံ၌ ကုသမှုခံယူနေရကာ သေဆုံးသူများအနက် ဆေးကုသရန် ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ပါဝင်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ မီးလောင်မှုသည် ဝါယာရှော့ဖြစ်ရာမှ စတင်နိုင်သည်ဟု ကနဦး ယူဆထားသော်လည်း တိကျသည့် အကြောင်းရင်းကိုမူ ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိသည်။

news-view-count-icon

42