နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC) ၏ ဥက္ကဋ္ဌ ဂျပန်နိုင်ငံသူ တိုမိုကို အာကာနဲ (Tomoko Akane) နှင့် ဆီနီဂေါနိုင်ငံသား အကြီးတန်း တရားခွင်ရှေ့နေ အဗ္ဗဒူလိုင် ဆီယဲ (Abdoulaye Seye) တို့အား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံချမှတ်လိုက်သည်။ ICC အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများမှ တာဝန်ရှိသူများကို တရားစွဲဆိုရန် ကြိုးပမ်းမှု၊ အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့များနှင့် ဂါဇာစစ်ပွဲအတွက် အစ္စရေး ခေါင်းဆောင်များအပေါ် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့မှုတို့ကြောင့် ယခုကဲ့သို့ ပိုင်ဆိုင်မှု ထိန်းချုပ်ခြင်း၊ ခရီးသွားလာခွင့်နှင့် စီးပွားရေး ဝန်ဆောင်မှုများ ပိတ်ပင်ခြင်းတို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ICC ဘက်ကမူ အဆိုပါ အရေးယူမှုများသည် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေကြောင်း တုံ့ပြန်ထားသော်လည်း ထရမ့် အစိုးရအဖွဲ့သည် လက်ရှိအချိန်အထိ ICC တာဝန်ရှိသူ အနည်းဆုံး ၁၁ ဦးကို ဒဏ်ခတ်ပိတ်ဆို့ထားပြီးဖြစ်ကြောင်း သိရသည်။
Aug 19 • 1:21 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 24 | 0 | 0 | 0 |


