မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းခဲ့ရသည့် ရေဘေးသင့် ပြည်သူများသည် မြစ်ရေ ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်းရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ အဆိုပါ နေအိမ်ပြန်လည် ရွှေ့ပြောင်းမှုများအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးနေသည့်အပြင် ရေကြီးမှုကြောင့် ကျန်ရစ်ခဲ့သည့် အမှိုက်သရိုက်များ၊ နုန်းများနှင့် ရွှံ့နွံများကိုလည်း ဖယ်ရှားရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်း၊မင်းဘူးမြို့၌ ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသဖြင့် ရေဘေးရှောင်များ နေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်း
Aug 19 • 1:19 PM
မြန်မာ
မကွေး
မျှဝေမည်
| 27 | 0 | 0 | 0 |


