ဖိလစ်ပိုင်ရှိ အမေရိကန်သံရုံးက တရားမဝင်ငါးဖမ်းမှုများကို သတင်းပို့ရန် ပါလာဝမ်တွင် ဗဟိုဌာနတစ်ခု ဖွင့်လှစ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ အမေရိကန်နှင့် ဖိလစ်ပိုင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများသည် မည်သည့်တတိယနိုင်ငံကိုမှ ပစ်မှတ်မထားသင့်သကဲ့သို့ အကျိုးစီးပွားကိုလည်း ထိခိုက်မှုမရှိစေသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက ဩဂုတ် ၁၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံများအကြား ထိတွေ့ဆက်ဆံမှုများသည် ဒေသတွင်း အပြန်အလှန် ယုံကြည်မှုနှင့် ငြိမ်းချမ်းတည်ငြိမ်ရေးကို အထောက်အကူပြုရမည်ဆိုသည့် ရပ်တည်ချက်ကို တရုတ်နိုင်ငံက အစဉ်တစိုက် ကိုင်စွဲထားပြီး လက်ရှိအခြေအနေကို အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Aug 19 • 1:18 PM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


