ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံးခွဲနှင့် ဆွစ်ဇာလန်နိုင်ငံရှိ နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဂျီယာ ဂိုက်ဒ် (Jia Guide) နှင့် မြန်မာနိုင်ငံ၏ ဆွစ်ဇာလန်သံရုံးတာဝန်ခံ ဦးချမ်းအေးတို့ တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးနှင့် ဂျီနီဗာပလက်ဖောင်းမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ် သံအမတ်ကြီး ဂျီယာ ဂိုက်ဒ်က တရုတ်-မြန်မာ အနာဂတ်အကျိုးတူအသိုက်အဝန်း တည်ဆောက်ရေးနှင့် ခေါင်းဆောင်များ၏ ဘုံသဘောတူညီချက်များ အကောင်အထည်ဖော်ရေးအတွက် ဂျီနီဗာပလက်ဖောင်းမှတစ်ဆင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ ဦးချမ်းအေးကလည်း မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ကို ခိုင်မာစွာ ကိုင်စွဲထားပြီး တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ အစီအစဉ် ၄ ရပ်ကို ထောက်ခံပါကြောင်းနှင့် နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ပူးတွဲထိန်းသိမ်း မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဂျီနီဗာပလက်ဖောင်းတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး
Aug 19 • 1:17 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 27 | 0 | 0 | 0 |


