မြန်မာကိုယ်စားပြု FIFAe Mobile အသင်းသည် FIFAe Nations League 2026 ၌ Consistency Ranking အဆင့် (၆) ရရှိခဲ့သဖြင့် ဩဂုတ်လ ၁၉ ရက်မှ ၂၂ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပမည့် FIFAe Continental Championship Asia 2026 ပြိုင်ပွဲသို့ တက်ရောက်ခွင့် ရရှိထားသည်။ အဆိုပါပြိုင်ပွဲသည် ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ ကျင်းပမည့် FIFAe World Cup 2026 သို့ တက်ရောက်ခွင့်ရရှိရေးအတွက် အရေးကြီးသည့် အာရှဇုန် အဆုံးအဖြတ်ပြိုင်ပွဲဖြစ်ပြီး အာရှမှ အသင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြိုင်ပွဲ၏ ထိပ်ဆုံး ၃ သင်းသည် ကမ္ဘာ့ဖလားသို့ တိုက်ရိုက် ဝင်ခွင့်ရရှိမည်ဖြစ်ကာ စတုတ္ထနေရာရရှိသည့် အသင်းမှာ နယူးဇီလန်အသင်းနှင့် Playoff ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် ကမ္ဘာ့ဖလားဝင်ခွင့် ရရှိရေးအတွက် အကောင်းဆုံး ပြင်ဆင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဖလားဝင်ခွင့်အတွက် FIFAe Continental Championship Asia 2026 တွင် မြန်မာကိုယ်စားပြု FIFAe Mobile အသင်း ယှဉ်ပြိုင်မည်
Aug 19 • 12:34 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 29 | 0 | 0 | 0 |


