back

ဧရာဝတီ၊ စစ်တောင်း၊ ငဝန်မြစ်နှင့် တိုးမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်လက်ရှိနေ၍ မအူပင်တွင် ဒီရေကြောင့် ရေမှတ်ကျော်လွန်နိုင်

Aug 19 • 1:14 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဧရာဝတီ၊ စစ်တောင်း၊ ငဝန်မြစ်နှင့် တိုးမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်လက်ရှိနေ၍ မအူပင်တွင် ဒီရေကြောင့် ရေမှတ်ကျော်လွန်နိုင်

မြန်မာနိုင်ငံအတွင်းရှိ ဧရာဝတီ၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်ရေများသည် မြို့အချို့၌ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေပြီး မအူပင်မြို့တွင်လည်း နောက် ၁ ရက်အတွင်း ဒ...

မြန်မာနိုင်ငံအတွင်းရှိ ဧရာဝတီ၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်ရေများသည် မြို့အချို့၌ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေပြီး မအူပင်မြို့တွင်လည်း နောက် ၁ ရက်အတွင်း ဒီရေမြင့်တက်ချိန်၌ စိုးရိမ်ရေမှတ်ထက် ၁ ပေခန့်အထိ ကျော်လွန်ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၁၉ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိတွင် ဧရာဝတီမြစ်ရေသည် ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်တို့၌လည်းကောင်း၊ စစ်တောင်းမြစ်ရေသည် မဒေါက်၌လည်းကောင်း၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း၌လည်းကောင်း စိုးရိမ်ရေမှတ်အထက်တွင် အသီးသီး ကျော်လွန် ရောက်ရှိနေသဖြင့် အဆိုပါ မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာသို့ ကြိုတင်ရှောင်ရှားရန်နှင့် အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာက အသိပေး နှိုးဆော်ထားသည်။

news-view-count-icon

40