မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် 5G ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် 2600 MHz လှိုင်းနှုန်းစဉ်ကို သတ်မှတ်ချထားပေးခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွင်း စတင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဩဂုတ်လ ၁၈ ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် အစည်းအဝေးမှ သိရသည်။ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် တစ်နှစ်အတွင်း စခန်းပေါင်း ၁,၀၀၀ ခန့် တည်ဆောက်၍ အရည်အသွေးကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က တိုက်တွန်းခဲ့ပြီး၊ 5G Task Force ဖွဲ့စည်းကာ စက်ပစ္စည်း တင်သွင်းရေးနှင့် ဝန်ဆောင်မှု စတင်နိုင်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
Aug 19 • 12:33 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 47 | 0 | 0 | 0 |


