back

Singapore-JB RTS Link ရထားလိုင်းကြောင့် ကြုံတွေ့ရတော့မည့် သွားလာရေး လွယ်ကူမှုများ

Aug 19 • 12:32 PM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

Singapore-JB RTS Link ရထားလိုင်းကြောင့် ကြုံတွေ့ရတော့မည့် သွားလာရေး လွယ်ကူမှုများ

မလေးရှားနှင့် စင်ကာပူ နှစ်နိုင်ငံကြား အပြန်အလှန် ချိတ်ဆက်ပြေးဆွဲမည့် အရှည် ၄ ကီလိုမီတာရှိ Johor Bahru-Singapore Rapid Transit System (RTS) Link ၏ မလေးရှားဘက်ခြမ...

မလေးရှားနှင့် စင်ကာပူ နှစ်နိုင်ငံကြား အပြန်အလှန် ချိတ်ဆက်ပြေးဆွဲမည့် အရှည် ၄ ကီလိုမီတာရှိ Johor Bahru-Singapore Rapid Transit System (RTS) Link ၏ မလေးရှားဘက်ခြမ်း အခြေခံအဆောက်အအုံများ တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke က ပြောကြားခဲ့သည်။ ၂၀၂၇ ခုနှစ်တွင် စတင်ပြေးဆွဲရန် လျာထားသည့် အဆိုပါ ရထားလိုင်းသည် Johor Bahru ရှိ Bukit Chagar ဘူတာနှင့် စင်ကာပူမှ Woodlands North ဘူတာတို့ကို မောင်းနှင်ချိန် ၆ မိနစ်မှ ၈ မိနစ်ခန့်သာ ကြာမြင့်စွာဖြင့် ချိတ်ဆက်ပေးမည်ဖြစ်သည်။ ထို့ပြင် ဘူတာများ၌ e-gates နှင့် Smart Lanes များ တပ်ဆင်ထား၍ လဝက စစ်ဆေးမှုများကို စက္ကန့်ပိုင်းအတွင်း မြန်ဆန်စွာ ဖြတ်သန်းနိုင်မည်ဖြစ်ပြီး၊ JB Sentral သွားလာရေးကွန်ရက်နှင့် ဈေးဝယ်စင်တာများသို့ လမ်းလျှောက်တံတားများမှတစ်ဆင့် တိုက်ရိုက် သွားရောက်နိုင်မည်ဖြစ်ရာ နှစ်နိုင်ငံအကြား မကြာခဏ သွားလာသူများအတွက် အချိန်ကုန်သက်သာစွာဖြင့် ပိုမိုလွယ်ကူ အဆင်ပြေစေတော့မည် ဖြစ်သည်။

news-view-count-icon

17