ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနက် အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသူများသည် သံရုံး၌ စာအုပ်သက်တမ်းတိုးခြင်းနှင့် အသစ်လဲလှယ်ခြင်းများကို ယခင်ကဲ့သို့ တိုက်ရိုက်ပြုလုပ်၍ မရတော့ကြောင်း ဩဂုတ်လ ၁၉ ရက်မှစတင်၍ ထိုင်းရောက် မြန်မာများထံမှ သိရသည်။ ယခုအခါ PV စာအုပ် လဲလှယ်/သက်တမ်းတိုးလိုပါက နေပြည်တော်သို့ လိပ်မူ၍ ဖောင်ဖြည့် လျှောက်ထားရမည်ဖြစ်ပြီး ပြန်လည်စိစစ်၍ ခွင့်ပြုချက် အကြောင်းပြန်စာ ရရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကာ အဆိုပါ ပြောင်းလဲမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။
Aug 19 • 12:31 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


