back

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် တောင်ကိုရီးယားသို့ သွားရောက်မည်

Aug 19 • 12:26 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် တောင်ကိုရီးယားသို့ သွားရောက်မည်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဩဂုတ်လ ၁၉ ရက်မှ ၂၀ ရက်အထိ တောင်ကိုရီးယားနိုင်ငံသို့ ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သွားရောက်မည် ဖြစ်သည်။ ခရီးစဉ်အတွင်း တော...

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဩဂုတ်လ ၁၉ ရက်မှ ၂၀ ရက်အထိ တောင်ကိုရီးယားနိုင်ငံသို့ ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သွားရောက်မည် ဖြစ်သည်။ ခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်၊ နိုင်ငံတော်လုံခြုံရေးအကြံပေး ဝီဆောင်လက်နှင့် နိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းတို့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး၊ ကိုရီးယားကျွန်းဆွယ်အရေးနှင့် ဒေသတွင်း/နိုင်ငံတကာ ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်သည်။ အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တိုးတက်မှုကို သုံးသပ်ရန်နှင့် အဆင့်မြင့်အရာရှိများ နောက်ထပ်တွေ့ဆုံဖလှယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတစ်ခု ဖြစ်လာမည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

news-view-count-icon

20