ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေနှင့် မိုးတိမ်တောင်များ အားကောင်းနေခြင်းကြောင့် ဩဂုတ်လ ၁၈ ရက်မှ ၂၂ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြား၌ မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မိုးသည်းထန်မှုကြောင့် ကုန်းမြင့်ဒေသများ၌ မြေပြိုမှု၊ မြေနိမ့်ပိုင်းနှင့် မြစ်ချောင်းအနီးဒေသများ၌ ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ ကြိုတင်သတိပြုကြရန်နှင့် ကမ်းနီး/ကမ်းဝေး သင်္ဘောများနှင့် လေကြောင်းလိုင်းများအနေဖြင့်လည်း လိုအပ်သော ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားကြရန် အသိပေးထားကြောင်း သိရသည်။
မုတ်သုံလေအားကောင်း၍ ဩဂုတ် ၂၂ ရက်အထိ မိုးကြီးနိုင်သဖြင့် မြေပြိုမှုနှင့် ရုတ်တရက် ရေကြီးမှု သတိပြုရန် မိုးဇလ သတိပေး
Aug 19 • 12:28 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 39 | 0 | 0 | 0 |


