ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ၌ နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရသည့် အာမခံအလုပ်သမားများအတွက် ကျောက်ကပ်သွေးသန့်စင် (Hemodialysis) ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် အလုံနှင့် ကြည့်မြင်တိုင်မြို့နယ်တို့ရှိ လူမှုဖူလုံရေးရုံးနှင့် ဆေးခန်းများကို စစ်ဆေးကာ အဆောက်အအုံများ ပြင်ဆင်/အသစ်တည်ဆောက်ရေး ရေရှည်အစီအစဉ်များ ရေးဆွဲရန် ညွှန်ကြားခဲ့သည့်အပြင်၊ လှိုင်သာယာမြို့နယ်၌ ကျင်းပသည့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH) ကော်မတီဝင်များ သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ထန်းတပင် အလုပ်သမားဆေးရုံ၌ ကျောက်ကပ်သွေးသန့်စင်စက်များ တပ်ဆင်၍ အာမခံအလုပ်သမားများကို ဝန်ဆောင်မှုပေးမည်
Aug 19 • 12:25 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 27 | 0 | 0 | 0 |


