(၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာလက်ရွေးစင်နှင့် လူငယ် အားကစားသမားများသည် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ အားကစားနည်းအလိုက် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ပိုက်ကျော်ခြင်း၊ ခြင်းလုံးနှင့် ပြေးခုန်ပစ် အားကစားသမားများ၏ လေ့ကျင့်နေမှုကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် ဒုတိယဝန်ကြီး ဦးညီညီတို့က ဩဂုတ်လ ၁၇ ရက်တွင် သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားများအား တစ်ကိုယ်ရေ သန့်ရှင်းရေး သုံးစွဲဖွယ်ရာများနှင့် နည်းပြများအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
(၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မြန်မာ လက်ရွေးစင် အားကစားသမားများ လေ့ကျင့်ပြင်ဆင်လျက်ရှိ
Aug 19 • 12:24 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 37 | 0 | 0 | 0 |


