back

ယူအေအီး၊ ဒူဘိုင်း နိုင်ငံတကာ လေဆိပ် Terminal 3 တွင် Uber နှင့် Careem စီးနင်းသူများအတွက် လေအေးပေးစနစ်ပါဝင်သော နားနေဆောင်သစ် ဖွင့်လှစ်

Aug 19 • 6:43 AM

breaking-news

UAE

ပြည်တွင်းသတင်း

cover

ယူအေအီး၊ ဒူဘိုင်း နိုင်ငံတကာ လေဆိပ် Terminal 3 တွင် Uber နှင့် Careem စီးနင်းသူများအတွက် လေအေးပေးစနစ်ပါဝင်သော နားနေဆောင်သစ် ဖွင့်လှစ်

ယူအေအီး၊ဒူဘိုင်း နိုင်ငံတကာ လေဆိပ် (DXB) ၏ Terminal 3 အဆောက်အအုံ၌ Uber နှင့် Careem ယာဉ်များ စောင့်ဆိုင်းစီးနင်းမည့် ခရီးသည်များအတွက် လေအေးပေးစနစ် တပ်ဆင်ထားသည့်...

ယူအေအီး၊ဒူဘိုင်း နိုင်ငံတကာ လေဆိပ် (DXB) ၏ Terminal 3 အဆောက်အအုံ၌ Uber နှင့် Careem ယာဉ်များ စောင့်ဆိုင်းစီးနင်းမည့် ခရီးသည်များအတွက် လေအေးပေးစနစ် တပ်ဆင်ထားသည့် သီးသန့် နားနေဆောင် (Waiting Lounge) သစ်တစ်ခုကို ဒူဘိုင်း လေဆိပ်အာဏာပိုင်များနှင့် ပူးပေါင်း၍ တရားဝင် ဖွင့်လှစ်လိုက်သည်။ အဆိုပါ နားနေဆောင်ကို ပင်မ ယာဉ်ကြိုဆိုရေး ဧရိယာတွင် တည်ဆောက်ထားပြီး နွေရာသီ အပူချိန်မှ ရှောင်ရှားနိုင်ရန် လေအေးပေးစနစ်၊ လေကြောင်းသန့်စင်စနစ်၊ ခရီးဆောင်အိတ်ထားရှိရန် နေရာများနှင့် ဖုန်းအပါအစဉ် စက်ပစ္စည်းများ အားသွင်းနိုင်သည့် Charging Hub များကို ထည့်သွင်း ပြင်ဆင်ထားသည်။ ထို့ပြင် UberX နှင့် Careem Comfort စီးနင်းသူများအတွက် PIN စနစ်သုံး သီးသန့် တန်းစီစနစ်ကိုပါ စီစဉ်ပေးထားသဖြင့် ခရီးသည်များ စောင့်ဆိုင်းရသည့် အချိန်ကို လျှော့ချပေးနိုင်မည်ဖြစ်ကာ လေဆိပ်၏ ကြမ်းပြင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ပိုမို စနစ်တကျ ရှိစေမည်ဖြစ်သည်။

news-view-count-icon

13