ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့တွင် ရက်ပိုင်းအတွင်း အခြေခံ စားသောက်ကုန် ဈေးနှုန်းများ ဆက်လက် မြင့်တက်နေပြီး ရပ်ကွက်ဈေးများ၌ ကြက်ဥတစ်လုံးလျှင် ကျပ် ၁,၂၀၀ အထိ ဈေးနှုန်း ရှိလာကြောင်း ဈေးသည်များနှင့် မြို့ခံများက ပြောဆိုသည်။လက်ရှိ မြစ်ကြီးနား ဈေးကွက်အတွင်း ကြက်ဥတစ်လုံးလျှင် ကျပ် ၁,၂၀၀ ဝန်းကျင်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၁၂,၀၀၀၊ အာလူး တစ်ပိဿာလျှင် ကျပ် ၆,၀၀၀၊ ကုလားပဲ တစ်ပိဿာလျှင် ကျပ် ၁၄,၀၀၀ နှင့် စားသုံးဆီ တစ်ပိဿာလျှင် ကျပ် ၂၃,၀၀၀ ဝန်းကျင်အထိ ရှိနေသည်။ထို့ပြင် ဇူလိုင်လ တတိယအပတ်က ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၆,၀၀၀ မှ ၇,၀၀၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ၁၀,၀၀၀ ကျော်အထိ မြင့်တက်သွားခဲ့သည်။ယခုကဲ့သို့ စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ မြစ်ကြီးနားမြို့သို့ ကုန်စည် ဝင်ရောက်သည့် လမ်းကြောင်းတို့တွင် သယ်ယူပို့ဆောင်ရေး အခက်အခဲများ ရှိနေခြင်းကြောင့် ဖြစ်သည်။မန္တလေး–မြစ်ကြီးနား လမ်းပိုင်း၌ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် မန္တလေး–ရွှေဘို–အင်းတော် လမ်းကြောင်းနှင့် အင်းတော်မြို့နယ်အတွင်း ကွင်းလမ်းများကို ပြောင်းလဲ အသုံးပြုနေရကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနား၌ သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ ဆက်လက် မြင့်တက်
Aug 19 • 6:42 AM
မြန်မာ
ကချင်
မျှဝေမည်
| 48 | 0 | 0 | 0 |


