တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ဘက်ဒေသများတွင် စနေနေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဩဂုတ် ၁၈ ရက် နံနက် ၆ နာရီအထိ နေအိမ်နှင့် လမ်းများ ရေကြီးနစ်မြုပ်ခြင်း၊ သစ်ပင်လဲပြိုခြင်း အပါအဝင် ထိခိုက်ပျက်စီးမှု တိုင်ကြားချက်ပေါင်း ၂,၅၇၄ ခုရှိခဲ့ကြောင်း ဗဟိုဘေးအန္တရာယ်နှင့် လုံခြုံရေးထိန်းချုပ်ရေး ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် လူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကာ ဘူဆန်၊ ဂျေဂျူနှင့် ဂျိုဆောင်းတောင်ပိုင်း ပြည်နယ်များရှိ ဒေသခံ ၅၆၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရသည်။ ဂိုဂျယ် (Geoje) မြို့တွင် စုစုပေါင်း မိုးရေချိန် ၉၅၆.၁ မီလီမီတာအထိ စံချိန်တင် ရွာသွန်းခဲ့ပြီး မြေပြိုမှုကြောင့် အပါတ်မန့်တစ်ခု ထိခိုက်ကာ သေဆုံးမှု ဖြစ်ပွားခဲ့သည့်အပြင် ဒေသအများအပြား၌ လျှပ်စစ်ဓာတ်အားနှင့် ရေပေးဝေမှုများ ပြတ်တောက်ခဲ့သဖြင့် အာဏာပိုင်များက အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
တောင်ကိုရီးယား၊အရှေ့တောင်ဘက်ဒေသ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးမှု ဖြစ်စဉ်၂,၅၀၀ ကျော် အထိရှိလာ
Aug 19 • 6:41 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


