ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) လက်အောက်ရှိ နှစ်ပေါင်း ၁၃၈ နှစ် သက်တမ်းရှိ ဗိုလ်တထောင် လေမှုတ်စက်ရုံ၌ ရှေးဟောင်းအဆောက်အအုံ ကမ္ဗည်းမော်ကွန်းကြေးပြား တပ်ဆင်ခြင်း အခမ်းအနားကို ဩဂုတ် ၁၈ ရက်က ဗိုလ်တထောင်မြို့နယ်ရှိ အဆိုပါစက်ရုံ၌ ကျင်းပခဲ့သည်။အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်နှင့် စည်ပင်သာယာရေးကော်မတီ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သက်တမ်း ၁၃၈ နှစ်ရှိပြီဖြစ်သည့် လေမှုတ်စက်ရုံတွင် ရှေးဟောင်းအဆောက်အအုံ ကမ္ဗည်းမော်ကွန်းကြေးပြားကို စက်တင်တပ်ဆင်ပေးခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်ရှိ နှစ်ပေါင်း ၁၃၈ နှစ်သက်တမ်းရှိ ဗိုလ်တထောင် လေမှုတ်စက်ရုံ၌ ရှေးဟောင်းအဆောက်အအုံ ကမ္ဗည်းမော်ကွန်းကြေးပြား တပ်ဆင်
Aug 19 • 4:46 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 64 | 0 | 0 | 0 |


