back

တောင်ကိုရီးယားနှင့် NASA ပူးပေါင်းဆောင်ရွက်၍ လ၏ တောင်ဝင်ရိုးစွန်းရှိ ရေဒီယိုသတ္တိကြွမှုများ တိုင်းတာမည်ဟုဆို

Aug 19 • 6:44 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယားနှင့် NASA ပူးပေါင်းဆောင်ရွက်၍ လ၏ တောင်ဝင်ရိုးစွန်းရှိ ရေဒီယိုသတ္တိကြွမှုများ တိုင်းတာမည်ဟုဆို

တောင်ကိုရီးယား အမျိုးသား ဥက္ကာပျံနှင့် အာကာသ အေဂျင်စီ (KASA) သည် လ၏ တောင်ဝင်ရိုးစွန်းဒေသရှိ ရေဒီယိုသတ္တိကြွမှု စက်ကွင်းများကို တိုင်းတာစစ်ဆေးနိုင်ရန် အမေရိကန် N...


တောင်ကိုရီးယား အမျိုးသား ဥက္ကာပျံနှင့် အာကာသ အေဂျင်စီ (KASA) သည် လ၏ တောင်ဝင်ရိုးစွန်းဒေသရှိ ရေဒီယိုသတ္တိကြွမှု စက်ကွင်းများကို တိုင်းတာစစ်ဆေးနိုင်ရန် အမေရိကန် NASA အေဂျင်စီနှင့် အကောင်အထည်ဖော်ရေး သဘောတူညီချက် ရေးထိုးခဲ့သည်။ တောင်ကိုရီးယား အာကာသ သိပ္ပံစတီကျု (KASI) မှ ပြည်တွင်း နည်းပညာဖြင့် တီထွင်ထားသော Lunar Surface Space Radiation Detector (LVRAD) ကိရိယာကို ၂၀၃၀ ပြည့်နှစ်တွင် လွှတ်တင်မည့် NASA ၏ စီးပွားရေးဆိုင်ရာ လဆင်းယာဉ် ပရိုဂရမ် (CLPS) မှတစ်ဆင့် Intuitive Machines ကုမ္ပဏီ၏ လဆင်းယာဉ်ပေါ်၌ တပ်ဆင်လွှတ်တင်မည်ဖြစ်သည်။ အဆိုပါ ကိရိယာသည် လမျက်နှာပြင်ပေါ်ရှိ အာကာသ ရေဒီယိုသတ္တိကြွမှုများနှင့် နယူထရွန် ဝန်းကျင်များကို တိုင်းတာသွားမည်ဖြစ်ပြီး အနာဂတ်တွင် လပေါ်၌ စခန်းချမည့် အာကာသယာဉ်မှူးများ ဘေးကင်းလုံခြုံရေးနှင့် စက်ပစ္စည်းများ အကာအကွယ်ပေးရေးအတွက် အဓိက အထောက်အကူပြုမည်ဖြစ်သည်။

news-view-count-icon

18