back

မလေးရှား၊ ကွန်းတန်မြို့တွင် ဘိန်းစာရွက် ၁၈၇.၅ ကီလိုဂရမ် သိုလှောင်ထားသည့် နေရာအား ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့

Aug 19 • 3:44 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှား၊ ကွန်းတန်မြို့တွင် ဘိန်းစာရွက် ၁၈၇.၅ ကီလိုဂရမ် သိုလှောင်ထားသည့် နေရာအား ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့

မလေးရှားနိုင်ငံ ပဟန် (Pahang) ပြည်နယ်၊ ကွန်းတန် (Kuantan) မြို့နယ်၊ ကမ်ပုန်း ဘူကစ် ရန်ဂင်း (Kampung Bukit Rangin) ရှိ နေအိမ်တစ်အိမ်၌ ဘိန်းစာရည် ချက်လုပ် ရောင်းခ...

မလေးရှားနိုင်ငံ ပဟန် (Pahang) ပြည်နယ်၊ ကွန်းတန် (Kuantan) မြို့နယ်၊ ကမ်ပုန်း ဘူကစ် ရန်ဂင်း (Kampung Bukit Rangin) ရှိ နေအိမ်တစ်အိမ်၌ ဘိန်းစာရည် ချက်လုပ် ရောင်းချနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က စက်တင်ဘာလမတိုင်မီ တနင်္ဂနွေနေ့တွင် ဝင်ရောက်စီးနင်းခဲ့ရာ မလေးရှားရင်းဂစ် ၁၅,၇၄၅ ဖိုးခန့် တန်ဖိုးရှိ ဘိန်းစာရွက် ၁၈၇.၅ ကီလိုဂရမ်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ အသက် ၅၂ နှစ်နှင့် ၆၂ နှစ်အရွယ် ဇနီးမောင်နှံနှစ်ဦးသည် တစ်ပတ်လျှင် ဘိန်းစာရည် ကီလိုဂရမ် ၃၀၀ ခန့်အထိ ထုတ်လုပ်ရောင်းချနေသည်မှာ တစ်လကျော်ကြာမြင့်ပြီဖြစ်ပြီး ပလတ်စတစ်အိတ် ၁,၁၅၀ ဖြင့် ထုပ်ပိုးထားသည့် ဘိန်းစာရွက်များနှင့်အတူ ဘိန်းစာရည်ချက်ပြုတ်ရာတွင် အသုံးပြုသည့် ဥပဒေအတားအဆီး ပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့သဖြင့် သံသယရှိသူ မောင်နှံနှစ်ဦးအား ၁၉၅၂ ခုနှစ် အဆိပ်အတောက်များ ဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၃၀(၃) အရ ထိန်းသိမ်းစစ်ဆေးလျက်ရှိသည်။

news-view-count-icon

12