နေပြည်တော်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် လူသုံးကုန်၊ စားသောက်ကုန်၊ မုန့်များနှင့် အဖျော်ယမကာ အပါအဝင် အခြေခံ ကုန်ပစ္စည်းများ၏ စေစျေးရင်း ကြီးမားလာသည့်အတွက် တစ်ပိုင်တစ်နိုင် အိမ်ဈေးဆိုင် အချို့ ပိတ်သိမ်းလာကြကြောင်း သိရသည်။ပစ္စည်းဈေးနှုန်းများ အစစအရာရာ မြင့်တက်လာခြင်းကြောင့် ယခင်က သောင်းဂဏန်းမျှသာ ကုန်ကျသည့် ကုန်ပစ္စည်း ဝယ်ယူစရိတ်မှာ လက်ရှိတွင် သိန်းဂဏန်းနီးပါးအထိ စည်းစိမ်ကုန်ကျလာကာ အမြတ်အစွန်း နည်းပါးခြင်း၊ အပြိုင်အဆိုင် များပြားခြင်းနှင့် ရင်းနှီးမတည်ငွေ မတတ်နိုင်တော့ခြင်းတို့ကြောင့် ဆိုင်အချို့ ရပ်နားလိုက်ရခြင်း ဖြစ်သည်။
Aug 19 • 4:03 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 27 | 0 | 0 | 0 |


