back

ရန်ကုန်၌ ဝမ်းရောဂါ ဖြစ်ပွားသူ ဆက်တိုက် တိုးပွားလာပြီး ၆၀၀ နီးပါး အထိ ရှိလာ

Aug 19 • 3:42 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်၌ ဝမ်းရောဂါ ဖြစ်ပွားသူ ဆက်တိုက် တိုးပွားလာပြီး ၆၀၀ နီးပါး အထိ ရှိလာ

ရန်ကုန်မြို့တွင် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါကြောင့် ဆေးရုံ တက်ရောက် ကုသရသူ ဆက်တိုက် တိုးပွားလာပြီး လက်ရှိတွင် လူနာ ၆၀၀ နီးပါးအထိ ရှိလာကြောင်း သိရသည်။လက်ရှိအချိန်အ...

ရန်ကုန်မြို့တွင် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါကြောင့် ဆေးရုံ တက်ရောက် ကုသရသူ ဆက်တိုက် တိုးပွားလာပြီး လက်ရှိတွင် လူနာ ၆၀၀ နီးပါးအထိ ရှိလာကြောင်း သိရသည်။လက်ရှိအချိန်အထိ ဝမ်းပျက်၊ ဝမ်းလျှော လူနာများအနက် ကာလဝမ်းရောဂါ သို့မဟုတ် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါ (Cholera Positive) ဖြစ်ပွားသူ ၁၄၀ ဦးနှင့် ကာလဝမ်းရောဂါ ဖြစ်စေသည့် ဘက်တီးရီးယားပိုး တွေ့ရှိသူ ၉ ဦးအထိ စစ်ဆေး အတည်ပြုထားသည်။ရောဂါ ဖြစ်ပွားမှုမှာ အစားအသောက်နှင့် ရေတို့ကြောင့် မြို့နယ်တိုင်းလိုလိုတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး သေဆုံးသူ ၁ ဦး ရှိကြောင်း သတင်း ထုတ်ပြန်ထားသည်။ လမ်းဘေး ဈေးသည်များကြောင့် ရောဂါ ကူးစက်မှု ဖြစ်ပွားသည်ဟု ဆိုကာ မြို့တွင်း လမ်းဘေး ဈေးသည်များကို ဒေသန္တရ အမိန့်ဖြင့် တစ်ပတ်ကြာ ပိတ်ခိုင်းထားသော်လည်း စားသောက်ဆိုင်များမှာ ပုံမှန်အတိုင်း ဖွင့်လှစ်လျက် ရှိသည်။လက်ရှိတွင် ရန်ကုန် ဆေးရုံကြီး အပါအဝင် ဆေးရုံ ၆၅ ရုံ၌ ကုသရေး အဆောင်များ ဖွင့်လှစ် ပေးထားပြီး ဝမ်းရောဂါ ဖြစ်ပွားမှုကြောင့် BPI ဓာတ်ဆားထုတ်များ ဝယ်လိုအား မြင့်တက်ကာ တစ်ထုတ်လျှင် ကျပ် ၁,၀၀၀ အထိ ဈေးနှုန်း မြင့်တက်သွားကြောင်း သိရသည်။

news-view-count-icon

45