ဖိလစ်ပိုင်နိုင်ငံတွင် ဝယ်လိုအား မြင့်တက်လာမှုကြောင့် ယခုနှစ်မှ စတင်တင်ပို့သည့် အရည်အသွေးမြင့် မြန်မာ့ GW-11 ဆန်မှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၀ အထိ စံချိန်တင် ဈေးကောင်း ရရှိနေသည်။ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နှင့် ထိုင်းတို့မှ ဆန်များ ဝယ်ယူနေသော်လည်း မြန်မာ့ GW-11 ဆန်၏ အရည်အသွေးကောင်းမွန်မှုကြောင့် ထိုင်းဆန်ထက် တစ်တန်လျှင် ဒေါ်လာ ၁၀၀ ခန့် ဈေးပိုပေး၍ ဝယ်ယူနေခြင်းဖြစ်သည်။ ယခုဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လအထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန် ၈ သိန်းကျော် တင်ပို့ထားပြီး ဘယ်လ်ဂျီယံသို့ ဆန်ကွဲ အများဆုံး တင်ပို့ထားသည်။လက်ရှိတွင် စုစုပေါင်း ဆန်တန်ချိန် ၅ သန်းအထိ ဝယ်ယူရန် ပြင်ဆင်နေသည့် ဖိလစ်ပိုင်ဈေးကွက်သို့ GW-11 ဆန်များ ဆက်လက် တင်ပို့နေသဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးထွက် GW-11 ဆန်များပါ ဈေးကောင်း ရရှိလျက်ရှိသည်။
Aug 19 • 2:12 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 42 | 0 | 0 | 0 |


