back

မြန်မာဖိုက်တာ ကျော်စွာဝင်းနှင့် စောမင်းမင်းတို့ အိမ်ရှင်ထိုင်းဖိုက်တာများနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်

Aug 19 • 2:11 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာဖိုက်တာ ကျော်စွာဝင်းနှင့် စောမင်းမင်းတို့ အိမ်ရှင်ထိုင်းဖိုက်တာများနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်

ဩဂုတ် ၂၁ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံ၌ ကျင်းပမည့် ONE Friday Fights 167 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ကျော်စွာဝင်းနှင့် စောမင်းမင်းတိ...

ဩဂုတ် ၂၁ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံ၌ ကျင်းပမည့် ONE Friday Fights 167 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ကျော်စွာဝင်းနှင့် စောမင်းမင်းတို့နှစ်ဦးစလုံး အိမ်ရှင်ထိုင်းဖိုက်တာများနှင့် ယှဉ်ပြိုင်ထိုးသတ်ကြရမည်ဖြစ်သည်။အဆိုပါပြိုင်ပွဲကို တွဲဆိုင်း ၁၄ ဆိုင်းဖြင့် နှစ်ပိုင်းခွဲကျင်းပမည်ဖြစ်ပြီး မြန်မာဖိုက်တာများ၏ တွဲဆိုင်းများမှာ အခပေးကြည့်ရှုရသည့် ပထမပိုင်း (The Inner Circle) တွင် ပါဝင်နေသဖြင့် ပရိသတ်များအနေဖြင့် ဝယ်ယူကြည့်ရှုကြရမည်ဖြစ်သည်။ စောမင်းမင်းသည် ပွဲစဉ် ၃ တွင် ထိုင်းဖိုက်တာ ယော့ဖူးပနှင့်လည်းကောင်း၊ ကျော်စွာဝင်းသည် ပွဲစဉ် ၄ တွင် ထိုင်းဖိုက်တာ ကိုမာဝတ်နှင့်လည်းကောင်း ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။စောမင်းမင်းသည် မူလက ထိုင်းဖိုက်တာ စူရီယာလက်နှင့် ထိုးသတ်ရန် စီစဉ်ထားသော်လည်း ပြိုင်ဘက် မတော်တဆမှုဖြစ်ပွား၍ ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။ စောမင်းမင်းသည် ONE ပြိုင်ပွဲတွင် ၆ ပွဲထိုး၊ ၃ ပွဲနိုင်၊ ၃ ပွဲရှုံး ရလဒ်ထွက်ပေါ်ထားပြီး ကျော်စွာဝင်းမှာမူ ၃ ပွဲထိုး၊ ဥ ပွဲနိုင်၊ ၁ ပွဲရှုံး ရလဒ် ရရှိထားသည်။

news-view-count-icon

40