အက်သလက်တီကို မက်ဒရစ်အသင်း၏ ကစားသမားသစ် လီကန်အင်က ဆုဖလားများ ဆွတ်ခူးရယူရန်အတွက် အသင်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။အက်သလက်တီကိုအသင်းသည် PSG အသင်းမှ တောင်ကိုရီးယား ကွင်းလယ်လူ လီကန်အင်ကို ဩဂုတ်လကုန်ပိုင်းတွင် ယူရို ၃၅ သန်းဖြင့် ခေါ်ယူခဲ့ပြီး ဩဂုတ် ၁၈ ရက်၌ တရားဝင် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။လီကန်အင်က မိမိအနေဖြင့် ငယ်စဉ်ကတည်းက စပိန်တွင် နေထိုင်ခဲ့၍ အက်သလက်တီကို မက်ဒရစ်၏ ကြီးကျယ်ခမ်းနားမှုကို သိရှိထားကြောင်း၊ အသင်းထံမှ ကမ်းလှမ်းမှုရရှိချိန်၌ ဆုဖလားများ ရယူချင်သည့် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။အသက် ၂၅ နှစ်အရွယ်ရှိ လီကန်အင်သည် အက်သလက်တီကိုအသင်းနှင့် ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဗလင်စီယာ အကယ်ဒမီထွက်တစ်ဦးဖြစ်သည့် ၎င်းသည် ဗလင်စီယာ၊ မာယော့ကာတို့တွင် ပါဝင်ကစားခဲ့ဖူးပြီး PSG အသင်းတွင် သုံးရာသီကြာ ကစားစဉ် ပြိုင်ပွဲစုံ ၁၂၄ ပွဲ၌ ၁၆ ဂိုး သွင်းယူပေးခဲ့သည်။
Aug 19 • 2:11 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 36 | 0 | 0 | 0 |


