back

လာအို၌ အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန် Vientiane-Lidu စက်မှုဇုန် စီမံကိန်း အကောင်အထည်ဖော်ရန် လာအိုအစိုးရလုပ်ဆောင်နေ

Aug 19 • 2:09 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအို၌ အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန် Vientiane-Lidu စက်မှုဇုန် စီမံကိန်း အကောင်အထည်ဖော်ရန် လာအိုအစိုးရလုပ်ဆောင်နေ

လာအိုနိုင်ငံ အစီအစဉ်ရေးဆွဲရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနသည် ဗီယန်းကျင်းမြို့တော် ပန်းငွန် (Pakngum) မြို့နယ်ရှိ ဟက်တာ ၃၀၇ ကျယ်ဝန်းသော မြေနေရာတွင် အမေရ...

လာအိုနိုင်ငံ အစီအစဉ်ရေးဆွဲရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနသည် ဗီယန်းကျင်းမြို့တော် ပန်းငွန် (Pakngum) မြို့နယ်ရှိ ဟက်တာ ၃၀၇ ကျယ်ဝန်းသော မြေနေရာတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ခန့်မှန်းကုန်ကျမည်ဖြစ်သော Vientiane-Lidu စက်မှုဇုန် စီမံကိန်း ဖြစ်မြောက်နိုင်ခြေကို လေ့လာဆန်းစစ်ရန် Lao-Lidu Mining Development ကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခဲ့သည်။အဆိုပါ စက်မှုဇုန် စီမံကိန်းသည် ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ရန်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်နှင့် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။ စီမံကိန်း ပထမအဆင့်တွင် ၁၈ လအတွင်း ဟက်တာ ၇၇ ပရိဝုဏ်၌ အခြေခံအဆောက်အအုံများနှင့် စက်ရုံများ စတင်ဆောက်လုပ်သွားမည် ဖြစ်သည်။

news-view-count-icon

13