back

ဆီနီဂေါ လက်ရွေးစင်အသင်း နည်းပြသစ်အဖြစ် ပက်ထရစ် ဗီယာရာ ခန့်အပ်ခံရ

Aug 19 • 1:58 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆီနီဂေါ လက်ရွေးစင်အသင်း နည်းပြသစ်အဖြစ် ပက်ထရစ် ဗီယာရာ ခန့်အပ်ခံရ

အာဆင်နယ်နှင့် ပြင်သစ်အသင်း ခေါင်းဆောင်ဟောင်း ပက်ထရစ် ဗီယာရာကို ဆီနီဂေါ လက်ရွေးစင်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်လိုက်သည်။ဆီနီဂေါအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ၃၂ သင်...

အာဆင်နယ်နှင့် ပြင်သစ်အသင်း ခေါင်းဆောင်ဟောင်း ပက်ထရစ် ဗီယာရာကို ဆီနီဂေါ လက်ရွေးစင်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်လိုက်သည်။ဆီနီဂေါအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ၃၂ သင်းအဆင့်မှ ထွက်ခဲ့ရပြီးနောက် နည်းပြ ပါပေကျောင်ကို ထုတ်ပယ်ခဲ့ပြီးနောက် ဆီနီဂေါနိုင်ငံ မြို့တော် ဒါကာတွင် မွေးဖွားခဲ့သူ ဗီယာရာဖြင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။ စာချုပ်ပါ အချက်အလက်များနှင့် စတင်တာဝန်ထမ်းဆောင်မည့် ရက်ကိုမူ ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။အသက် ၅၀ အရွယ်ရှိပြီဖြစ်သည့် ဗီယာရာသည် ကစားသမားဘဝတွင် ပြင်သစ်အသင်းနှင့်အတူ ၁၉၉၈ ကမ္ဘာ့ဖလားနှင့် ယူရို-၂၀၀၀ ချန်ပီယံဆုများ ဆွတ်ခူးခဲ့ဖူးသကဲ့သို့ နည်းပြဘဝတွင်လည်း နယူးယောက်စီးတီး၊ နိုက်စ်၊ ခရစ္စတယ်ပဲလေ့စ်နှင့် ဂျီနိုအာ စသည့် ကလပ်အသင်းများကို ကိုင်တွယ်ခဲ့ဖူးကြောင်းသိရသည်။

news-view-count-icon

27