မြန်မာကိုယ်စားပြု FIFAe Mobile အသင်းသည် FIFAe Nations League 2026 တွင် Consistency Ranking အဆင့် (၆) ရရှိခဲ့သဖြင့် ကမ္ဘာ့ဖလားဝင်ခွင့် အရေးကြီးဆုံး အာရှဇုန် အဆုံးအဖြတ်ပြိုင်ပွဲဖြစ်သည့် FIFAe Continental Championship Asia 2026 သို့ တက်ရောက်ခွင့် ရရှိခဲ့သည်။ပြိုင်ပွဲကို ဩဂုတ် ၁၉ ရက်မှ ၂၂ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပမည်ဖြစ်ပြီး အာရှအုပ်စုမှ အသင်း ၈ သင်းက Round Robin စနစ်ဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ ထိုအဆင့်တွင် အဆင့် ၁ မှ ၆ အတွင်း ရရှိသည့် အသင်းများသည် Knockout Stage သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။အာရှဒေသအတွက် သတ်မှတ်ထားသည့် Qualification Slot အရ ထိပ်ဆုံး ၃ သင်းသည် ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ ကျင်းပမည့် FIFAe World Cup 2026 သို့ တိုက်ရိုက် ဝင်ခွင့်ရရှိမည်ဖြစ်ပြီး စတုတ္ထနေရာရရှိသည့် အသင်းမှာ နယူးဇီလန်အသင်းနှင့် Playoff ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာအသင်းအနေဖြင့် ကမ္ဘာ့ဖလား ဝင်ခွင့်တစ်နေရာ ရရှိရေးအတွက် အကောင်းဆုံး ပြင်ဆင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ကမ္ဘာ့ဖလားဝင်ခွင့်အတွက် FIFAe Continental Championship Asia 2026 တွင် မြန်မာကိုယ်စားပြု FIFAe Mobile အသင်း ယှဉ်ပြိုင်မည်ဖြစ်
Aug 19 • 1:57 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 33 | 0 | 0 | 0 |


