back

မန္တလေး၌ မနက်ဖန်မှစကာ နှစ်ရက်ကြာ ရိုးရာအိုးပုတ်ပွဲတော် ကျင်းပမည်ဖြစ်

Aug 19 • 1:55 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေး၌ မနက်ဖန်မှစကာ နှစ်ရက်ကြာ ရိုးရာအိုးပုတ်ပွဲတော် ကျင်းပမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက်တွင် ရိုးရာအိုးပုတ်ပွဲတော်ကို သြဂုတ် ၂၀ ရက်မှ ၂၁ ရက်ထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသက...

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက်တွင် ရိုးရာအိုးပုတ်ပွဲတော်ကို သြဂုတ် ၂၀ ရက်မှ ၂၁ ရက်ထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။အဆိုပါ ပွဲတော်သည် ရှေးယခင်ကတည်း နှစ်စဥ် ကျင်းပခဲ့သော ရိုးရာပွဲတော်များအနက် တစ်ခုဖြစ်ပြီး လူစိတ်ဝင်စားမှုများပြားသော ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။အိုးပုတ်ပွဲတော်အား အိုးဘိုရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်တွင် ကျင်းပပြီး အိုးပုတ်၊ ချိုးရုပ်၊ ဆီမီးခွက်များ၊ မြေပန်းအိုးများ စသည့် အရောင်းဆိုင်များစွာ ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

35