World Peace Award 2026 အခမ်းအနားကို ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့ရှိ Stockholm Concert Hall ၌ ကျင်းပမည်ဖြစ်ပြီး Walk for Peace ဦးဆောင်ဆရာတော် အရှင်ပညာကာရအား စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆု ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်သည်။အခမ်းအနားကို ဩဂုတ် ၂၁ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် Walk for Peace ၂၀၂၅-၂၀၂၆ ကို အောင်မြင်စွာ ဦးဆောင်ကျင်းပနိုင်ခဲ့သည့်အတွက် ဆရာတော်အား ယခုကဲ့သို့ ဂုဏ်ပြုဆု ချီးမြှင့်ခြင်းဖြစ်သည်။ထို့ပြင် ၂၀၁၈ ခုနှစ်၌ စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆု ရရှိထားတော်မူသော အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ဆရာတော် ဒေါက်တာ အရှင်သောဘိတက ဆုရရှိသည့် အရှင်ပညာကာရအား ဂုဏ်ပြုစကား မိန့်ကြားတော်မူမည်ဖြစ်ကြောင်း သိရသည်။

Aug 19 • 1:50 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 56 | 0 | 0 | 0 |


