ထိုင်းတစ်နိုင်ငံလုံး၌ ယခု ဩဂုတ်လအတွင်း အွန်လိုင်းလိမ်လည်မှု တိုင်ကြားချက် ၆,၀၆၀ ရှိခဲ့ပြီး ဘတ် ၂၆၀ သန်း ဆုံးရှုံးခဲ့ရာ ဘန်ကောက်မြို့တွင် အမှုပေါင်း ၁၃၈ မှုဖြင့် ဆုံးရှုံးမှုအများဆုံး ဖြစ်ခဲ့သည်။အမျိုးသမီးများနှင့် အသက် ၂၁ နှစ်မှ ၃၀ နှစ်ကြား လူငယ်များမှာ လိမ်လည်ခံရမှု အများဆုံး ဖြစ်နေပြီး ကုန်စည်ဝယ်ယူခြင်း၊ ဟန်ဆောင်လိမ်လည်ခံရခြင်းတို့ အများဆုံး ဖြစ်ပွားခဲ့သည်။ အာဏာပိုင်များက ဘဏ်များ၊ ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ငွေလွှဲပြောင်းမှုအချို့ကို ကြားဖြတ်တားဆီးကာ ဘတ် ၆ သိန်းကျော် ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည်။လိမ်လည်မှု အန္တရာယ်မှ ကင်းဝေးစေရန် ရင်းနှီးမြှုပ်နှံမှု မပြုမီ ကုမ္ပဏီ တရားဝင်မှု ရှိမရှိ စစ်ဆေးရန်၊ ကိုယ်ပိုင်အကောင့်များသို့ ငွေမလွှဲရန်၊ တုပထားသည့် အက်ပလီကေးရှင်းများနှင့် မတန်တဆ အကျိုးအမြတ် မက်လုံးပေးမှုများကို သတိပြုကြရန် အာဏာပိုင်များက နှိုးဆော်ထားသည်။
Aug 19 • 1:49 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


