တရုတ်နိုင်ငံနှင့် ဥရောပတို့အကြား အာတိတ်ဒေသ ကုန်သေတ္တာ အမြန်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအား နွေရာသီကာလအတွင်း အပတ်စဉ် ပုံမှန်ပြေးဆွဲခြင်းကို ဩဂုတ် ၁၅ ရက်တွင် စတင်လိုက်ပြီ ဖြစ်သည်။တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ နင်းပေါ-ကျိုးဆန်း ဆိပ်ကမ်းမှ ထွက်ခွာခဲ့သည့် ကုန်သေတ္တာတင် သင်္ဘောသည် အရှေ့မြောက် အာတိတ် လမ်းကြောင်းကို ဖြတ်သန်း၍ ဗြိတိန်၊ နယ်သာလန်၊ ဂျာမနီနှင့် ပိုလန်နိုင်ငံတို့ရှိ အဓိက ဆိပ်ကမ်းများသို့ ပြေးဆွဲမည် ဖြစ်သည်။ အဆိုပါ လမ်းကြောင်းသည် စူးအက်တူးမြောင်း လမ်းကြောင်းထက် သွားလာချိန် ထက်ဝက်နီးပါး သက်သာပြီး ရက် ၂၀ ခန့်သာ ကြာမြင့်မည် ဖြစ်သည်။အပူချိန် ပြောင်းလဲမှုကို ခံနိုင်စွမ်းမရှိသည့် စွမ်းအင်သစ်သုံး မော်တော်ယာဉ် အစိတ်အပိုင်းများနှင့် တန်ဖိုးမြင့် ကုန်ပစ္စည်းများကို အဓိက သယ်ယူပေးမည် ဖြစ်ကာ ရာသီအလိုက် ရေခဲသည့် အခြေအနေများကြောင့် ဇူလိုင်လမှ အောက်တိုဘာလအထိ တစ်နှစ်လျှင် အနည်းဆုံး ခရီးစဉ် ၈ ကြိမ် ပြေးဆွဲရန် စီစဉ်ထားသည်။
တရုတ်နှင့် ဥရောပအကြား အာတိတ်ဒေသ ရေကြောင်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်း အပတ်စဉ် ပုံမှန်ပြေးဆွဲမှု စတင်
Aug 19 • 1:48 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


