ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေနှင့် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေခြင်းကြောင့် ဩဂုတ် ၁၈ ရက်မှ ၂၂ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် မိုးထစ်ချုန်းရွာသွန်းပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့တွင် မိုးရွာသွန်းနိုင်သည်ဟု သိရသည်။ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်၊ မွန်၊ ကရင်၊ တနင်္သာရီနှင့် ရှမ်းဒေသတို့၌ နေရာကွက်၍ မိုးသည်းထန်နိုင်သည်။မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကုန်းမြင့်ဒေသများတွင် မြေပြိုမှုများဖြစ်ပေါ်နိုင်သကဲ့သို့ မြေနိမ့်ပိုင်းနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး၌ ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် ဒေသခံပြည်သူများ ကြိုတင်သတိပြုရန်နှင့် ရေကြောင်း၊ လေကြောင်းခရီးစဉ်များအနေဖြင့် မိုးလေဝသအခြေအနေကို အနီးကပ်စောင့်ကြည့်ကြရန် အသိပေးထားသည်။
Aug 19 • 1:46 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 49 | 0 | 0 | 0 |


