back

ထိုင်းနိုင်ငံ၊သုဝဏ္ဏဘူမိလေဆိပ်၌ ကြန့်ကြာမှုနည်းပါးစေရန် နောက်ထပ် နိုင်ငံ ၃၁ နိုင်ငံအား အော်တိုဂိတ် အသုံးပြုခွင့်ပေးမည်

Aug 18 • 1:52 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊သုဝဏ္ဏဘူမိလေဆိပ်၌ ကြန့်ကြာမှုနည်းပါးစေရန် နောက်ထပ် နိုင်ငံ ၃၁ နိုင်ငံအား အော်တိုဂိတ် အသုံးပြုခွင့်ပေးမည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်၌ ခရီးသွားရာသီအတွင်း ခရီးသည် ကြန့်ကြာမှုများ လျှော့ချနိုင်ရန် အလိုအလျောက် နိုင်ငံကူးလက်မှတ် စစ်ဆေးရေးစနစ် (Auto G...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်၌ ခရီးသွားရာသီအတွင်း ခရီးသည် ကြန့်ကြာမှုများ လျှော့ချနိုင်ရန် အလိုအလျောက် နိုင်ငံကူးလက်မှတ် စစ်ဆေးရေးစနစ် (Auto Gates) များကို ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်တွင် နောက်ထပ် နိုင်ငံပေါင်း ၃၁ နိုင်ငံအတွက် တိုးချဲ့ခွင့်ပြုသွားမည်ဖြစ်ကြောင်း Nation Thailand ၏ ဖော်ပြချက်အရ သိရသည်။ တစ်နေ့လျှင် ခရီးသည် ၁၉၀,၀၀၀ ခန့်အထိ ဝန်ဆောင်မှုပေးနေရသည့် အဆိုပါ လေဆိပ်တွင် Auto Gates စနစ် အပြည့်အဝ အသက်ဝင်လာပါက ခရီးသည် ၅၃ ရာခိုင်နှုန်းကို စစ်ဆေးပေးနိုင်မည်ဖြစ်ပြီး၊ ထိုင်းအစိုးရအနေဖြင့် အခမဲ့ လျှောက်ထားနိုင်သော ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်ဆိုက်ရောက်ကတ် (TDAC) နှင့် ပတ်သက်၍ ငွေကြေးတောင်းခံသည့် တရားမဝင် ဝက်ဘ်ဆိုက်များကို သတိထားကြရန်လည်း သတိပေး နှိုးဆော်ထားသည်။

news-view-count-icon

17