စင်ကာပူနိုင်ငံ၊ Tengah ဒေသရှိ HDB အဆောက်အအုံ (Block 316A Tengah Road) အနီး အများပြည်သူဆိုင်ရာနေရာတွင် စုံတွဲတစ်တွဲက အချိန်အကြာကြီး အနမ်းပေးခြင်း၊ ပွေ့ဖက်ခြင်းများ ခဏခဏ ပြုလုပ်နေသဖြင့် ပတ်ဝန်းကျင်နေ ပြည်သူများနှင့် မိဘများ စိုးရိမ်မကင်းဖြစ်ကာ စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ဩဂုတ်လ ၁၃ ရက်နေ့ Stomp သတင်းဖော်ပြချက်အရ သိရသည်။ Parc Glen @ Tengah တွင် နေထိုင်သူ ဒေသခံတစ်ဦး၏ တိုင်ကြားချက်အရ အဆိုပါစုံတွဲသည် လွန်ခဲ့သည့် ၂ ပတ်မှ ၃ ပတ်ခန့်မှစ၍ ညဘက်များတွင် ဘေး၌ ဆိုင်ကယ်များကို ရပ်ကာ နေရာတစ်ခုတည်း၌ မိနစ် ၃၀ ထက်မနည်း ထပ်တလဲလဲ ရောက်ရှိပြုမူနေခြင်းဖြစ်သည်။ ဩဂုတ်လ ၁၁ ရက် ညပိုင်း ရိုက်ကူးထားသည့် ဗီဒီယိုတွင် အမျိုးသမီးဖြစ်သူ ဆေးလိပ်သောက်နေသည်ကိုပါ တွေ့ရပြီး လူမြင်ကွင်း၌ ယခုကဲ့သို့ မသင့်တော်သော အပြုအမူများ ပြုလုပ်နေသည့်အတွက် ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားပေးကြရန်နှင့် အများပြည်သူ စိတ်အနှောင့်အယှက်မဖြစ်စေရေး သတိပြုဆင်ခြင်ကြရန် ဒေသခံများက တိုက်တွန်းထားကြသည်။
စင်ကာပူ၊ Tengah ဒေသတွင် လူမြင်ကွင်း၌ အချိန်ကြာမြင့်စွာ ပြုမူနေသော စုံတွဲကြောင့် ဒေသခံများ စိတ်အနှောင့်အယှက်ဖြစ်ရ
Aug 14 • 12:00 PM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


